ဖွဲ့စည်းပုံပြင်ရင် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်တဲ့ ဥပဒေထည့်သွင်းဖို့ HRW တိုက်တွန်း


2019.04.12
constitutional-amendment-committee-622.jpg ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၄/၂၀၁၉)ကို ၂၀၁၉ မတ်လ ၁၂ ရက်နေ့ နေပြည်တော်မှာကျင်းပစဉ်
Photo: Pyidaungsu Hluttaw FB

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလိုက်တာကို HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ အပါအဝင် အဖွဲ့အစည်း ၂ဝ က ကြိုဆိုလိုက်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်ကော်မတီသစ်ဖွဲ့စည်းတာဟာ လွတ်လပ်စွာထုတ်ပြောဖော်ကြားခွင့်၊ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်ဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးကို အစိုးရက အကာအကွယ်ပေးဖို့ အခွင့်အရေး တစ်ရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီရေးအတွက် လိုအပ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို အကာအကွယ်ပေးတဲ့ အာမခံချက်မပါရှိဘူးလို့ ပြောပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နဲ့ ပတ်သက်ပြီး ပုဒ်မ ၃၅၄-က နဲ့ ၃၆၅ မှာ တင်းကျပ်ထားတဲ့အစား နိုင်ငံတကာစံနှုန်းနဲ့ အညီ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို အကာအကွယ်ပေးတဲ့ Article 19 ဆိုတဲ့ နိုင်ငံတကာ အရပ်ဘက်နဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ ပဋိညာဉ် ပုဒ်မ ၁၉ လို ပုဒ်မတခုတည်းနဲ့ အစားထိုးဖို့ တိုက်တွန်းပါတယ်။

အဲဒီ သီးခြားပုဒ်မသစ်ဟာ သတင်းလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိရုံမက မီဒီယာ ကြိုတင်စိစစ်တာ၊ ပုံနှိပ်မီဒီယာဖြစ်ဖြစ်၊ သတင်းသမားဖြစ်ဖြစ် မှတ်ပုံတင်ရတာကို အဲဒီပုဒ်မနဲ့ တားမြစ်ပြီး သတင်းမီဒီယာကို အကာအကွယ်ပေးသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။