ထန်တလန်မြို့ ပစ်ခတ်မှု တစ်နှစ်အရွယ်ကလေး အပါအဝင် ငါဦး ဒဏ်ရာရ

2021.09.09
ထန်တလန်မြို့ ပစ်ခတ်မှု တစ်နှစ်အရွယ်ကလေး အပါအဝင် ငါဦး ဒဏ်ရာရ ချင်းပြည်နယ် (မြောက်ပိုင်း) ထန်တလန်မြို့မှာ ကျည်ဆံတွေကို တွေ့ရစဥ်
Photo: CJ

ချင်းပြည်နယ် (မြောက်ပိုင်း) ထန်တလန်မြို့ထဲမှာ စက်တင်ဘာလ ၉ ရက် ဒီနေ့နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် တစ်နှစ်သားအရွယ် ကလေးငယ် အပါအဝင် ငါးဦး ဒဏ်ရာရ ခဲ့တယ်လို့ ထန်တလန်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA က ဆက်သွယ်မေးမြန်းတဲ့ ညနေ ၃ နာရီဝန်းကျင်အချိန်အထိ ပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်တဲ့အနားက နေအိမ်တစ်ခုလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မြို့ပေါ်တော့ ပစ်ခတ်မှုက နေ့လယ် ၁ နာရီခွဲလောက်မှာဖြစ်တယ်၊ တစ်နှစ်သားအရွယ် ကလေးရယ်၊ ၁၅ နှစ်အရွယ် မိန်းကလေးနဲ့ အဘွားသုံးဦး ဒဏ်ရာရတယ်၊ ထန်ထလန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း နားမှာ၊ အမှတ် (၁) ကျောင်းနားတွေမှာ ပစ်ခတ်မှုဖြစ်တယ်၊ အခုထိသေနတ်သံတွေ ကြားနေရသေးတယ်၊ အိမ်တစ်လုံးလည်း မီးလောင်သွားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်၂၅ ရက်နေ့ကလည်း ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် လူနေအိမ်တစ်အိမ်ပေါ်ကို ကျရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဝိုင်းကြည့်နေချိန် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ပိုင်ရှင် အမျိုးသားနဲ့ သားဖြစ်သူ သေဆုံးခဲ့ပြီး ကိုဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။