နိုင်ငံတော်သမ္မတ ကျန်းမာရေးစစ်ဆေးမှုခံယူ


2016.04.21
htinkyaw-medical-check-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်တို့ကို ဧပြီလ ၂၁ ရက်နေ့က နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံမှာ ဆေးစစ်မှုခံယူအပြီး တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ နေပြည်တော်က ကုတင် ၁ဝဝဝ ဆေးရုံမှာ ကျန်းမာရေး ဆေးစစ်မှု ခံယူခဲ့ပါတယ်။

အထွေထွေ ကျန်းမာရေး ဆေးစစ်မှု ခံယူတာသာဖြစ်ပြီး အားလုံးကောင်းမွန်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ကျန်းမာရေးအရာရှိ ဒေါက်တာ ခင်မောင်မြင့်က ပြောပါတယ်။

"အားလုံးကောင်းပါတယ်လို့ ပြောရပါရစေ၊ အကုန်ကောင်းပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ မျက်စိမခွဲပါဘူး၊ အကုန်ကောင်းပါတယ်နော်"

နိုင်ငံတော်သမ္မတနဲ့အတူ ဇနီးဖြစ်သူ ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေးတို့လည်း ကုတင် ၁ဝဝဝ ဆေးရုံးကို လိုက်ပါလာခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီပါတီက ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်တို့လည်း မကြာသေးခင်က အဲ့ဒီဆေးရုံမှာ မျက်စိခွဲစိတ်မှု ခံယူခဲ့ပါသေးတယ်။

နေပြည်တော်ကုတင် ၁ဝဝဝ ဆေးရုံကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်ကလည်း နိုင်ငံတော်ရဲ့ အတိုင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လာရောက်စစ်ဆေးပြီး လူနာတွေကို အားပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။