သမ္မတ ဦးထင်ကျော် ရုရှားခေါင်းဆောင် ပူတင်နဲ့ ဒီကနေ့ တွေ့ဆုံမည်


2016.05.18
htinkyaw-russia-620.jpg ရုရှားနိုင်ငံမှာကျင်းပမယ့် ရုရှား-အာဆီယံဆက်ဆံရေး နှစ် ၂ဝ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မေလ ၁၈ ရက်နေ့က သမ္မတ ဦးထင်ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်
Photo: Myanmar President Office Facebook

မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဒီကနေ့ မေလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ရုရှား-အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဆိုချီမြို့မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ ရုရှားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး၊ ဒီကနေ့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာ သမ္မတနှစ်ဦးတွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကဆွေးနွေးဖွယ်ရှိတယ်လို့ ရုရှားသမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရုရှားနဲ့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မယ့် ရုရှား-အာဆီယံ ထိပ်သီးညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ဖွယ် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။