လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်း

မြန်မာနိုင်ငံက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အဂတိလိုက်စားမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အဓိကအချက် ၃ ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆွေးနွေးနိုင်ဖို့အတွက် အာရှဥပဒေရေးရာဌာန ALRC အဖွဲ့က လူ့အခွင့်ရေးကောင်စီကို တင်သွင်းပေးပို့ လိုက်ပါတယ်။

2012.06.08
un-rights-council-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံကျင်းပနေစဉ်။
UN Photo/Jean-Marc Ferré

ဒီလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ဖို့ ရှိပါတယ်။

တရားစီရင်ရေးမှာ အဂတိလိုက်စားမှု ထူပြောနေတဲ့ကိစ္စ၊ ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စနဲ့ မြေယာတွေကို အာဏာသုံးပြီး သိမ်းယူနေတဲ့ကိစ္စ စတဲ့အချက် ၃ ချက်ကို ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အခြေအနေတွေကို ဆွေးနွေးတဲ့အခါ ထည့်သွင်းဆွေးနွေးနိုင်ဖို့ တင်ပြရတာဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့်၊ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အားနည်းချက်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်စတယ်လို့ အာရှ ဥပဒေရေးရာဌာန ALRC က ပြောဆိုထားပါတယ်။

အခုတင်သွင်းတဲ့ အချက် ၃ ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သေချာစွာမှတ်တမ်းပြုစုပြီး အထောက်အထားတွေ နဲ့တကွ တင်ပြထားတယ်လို့လည်း ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို RFA အဖွဲ့သား ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။