လူကုန်ကူးခံရသူ ၇ ဦး လွတ်မြောက်


2016.04.07

မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်ကျေးရွာအနီး ပင်လယ်ပြင်မှာ ငါဖမ်းစက်လှေတစ်စီးပေါ်က လူကုန်ကူးခံရသူ ၇ ဦးကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေက ကယ်ဆယ်လိုက်ပါတယ်။

လူကုန်ကူးခံရသူ ၇ ဦးဟာ ငါးဖမ်းစက်လှေပေါ်ကနေ ရေတပ်သင်္ဘောတစ်စီးက ပထမဆုံး ကယ်တင်လိုက်တာဖြစ် ပြီး အဲဒီသင်္ဘောက ဇီးဖြူသောင်ရွာမှာ ကမ်းကပ်လိုက်ပြီး အရပ်ဘက်အဖွဲ့တွေဆီ လွှဲပေးခဲ့တာဖြစ်တယ်လို့ ရေး မြိုနယ် လူမှုအကျိုးဆောင်အဖွ့ဲ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောပါတယ်။

"ရေတပ်သင်္ဘောကပ်တဲ့အချိန်မှာ လှေပေါ်က ရေလုပ်သား ၇ ယောက်က သူတို့ကိုကယ်ပါဆိုပြီးတော့ ပြန်ချင် ပါတယ်ဆိုပြီးတော့ ရေတပ်သင်္ဘောပေါ်ကို တက်ပြေးလာပါတယ်၊ ကျနော်တို့ ရပ်ကွက်လူမှုအဖွဲ့အစည်းကို ဆက်သွယ်တာ ၇ ယောက်မှာ ၄ ယောက်က ပြန်ချင်ပါတယ်ဆိုပြီးတော့ အဲ့အတွက်ကူညီပါဆိုပြီးတော့ပြောတယ်၊ ၂ ယောက်က လှေပေါ်လိုက်နေရတာ နှစ်နှစ်ရှိသွားပြီ နောက် ၁ ယောက်က လေးလလောက်ရှိသွားပြီ၊ ဒီဟာကို သူတို့အကူအညီတောင်းတယ်၊ ပွဲစားတွေကတဆင့် လုပ်အားခေါင်းပုံဖြတ်ပြီး လှေပေါ်ကို ရောက်လာတာဖြစ် တယ်၊ နောက်သူတို့ဆန္ဒမပါဘဲနဲ့ လှေပေါ်ပြန်တက်ရတာဖြစ်တဲ့အတွက် လူကုန်ကူးခံရတယ်လို့ ကျနော်တို့က သတ်မှတ်လိုက်တယ်"

လူကုန်ကူးခံရတဲ့ ၇ ဦးထဲမှာ တပ်မတော်က ထွက်ပြေးသူ စစ်ပြေး ၄ ဦးပါဝင်ပြီး သူတို့ကို စစ်တပ်ဆီ အပ်နှံခဲ့သလို ကျန်တဲ့ ၃ ဦးကို ရေးမြိုနယ်ရဲတပ်ဖွဲ့မှာ အပ်နှံခဲ့တယ်လို့ ပြောပါတယ်။

ရေးမြိုနယ်မှာက အစင်၊ အဘော်၊ ဇီးဖြူသောင် စတဲ့ကျေးရွာတွေမှာ ငါးဖမ်းလှေ၊ ကျားဖောင်တွေ ထောင်နဲ့ ချီရှိပြီး ရေလုပ်သားလိုအပ်မှု များနေတာကြောင့် လုပ်သားရှာတာကို ပွဲစားတွေဆီကနေတဆင့် လုပ်ငန်းရှင်တွေ က ခေါ်ယူနေကြတဲ့အတွက် လူကုန်ကူးမှုဖြစ်နေတာလို့ အရပ်ဘက်အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကလည်း ရေးမြို့နယ်ဘက်မှာ ငါးဖမ်းအလုပ်လုပ်ခဲ့ကြတဲ့ ရေလုပ်သား ၃၅ ဦးကို ရေးမြိုနယ် ရဲတပ်ဖွဲ့က ပြည်မြို့မှာရှိတဲ့ မိသားစုတွေထံ ပြန်လည်အပ်နှံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။