ရိုဟင်ဂျာတွေ နှိပ်စက်ခံရတဲ့ သက်သေ ICC စုဆောင်းဖို့ပြင်


2019.02.16
rohingya-refugees-camp-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: DIBYANGSHU SARKAR / AFP

နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လာမယ့် မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ်ကို သွားပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ နှိပ်စက်ခံခဲ့ရတဲ့ သတင်းအချက်အလက်တွေ စုဆောင်းမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူးလ် ဟာ့ခ် က မနေ့က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ICC အဖွဲ့ကရှေ့နေ ဖာတူးဘန်ဆောင်ဒါ တို့ ဂျာမဏီနိုင်ငံမှာ သောကြာ နေ့က တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောလိုက်တာပါ။

ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်လို့ အမှုတည်ဆောက်ဖို့ ICC ရှေ့နေတွေက စတင် ဆောင်ရွက်နေပြီ၊ ပထမအဆင့်အနေနဲ့ သက်သေအထောက်အထား စုဆောင်းဖို့ မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ်ကိုလာလိမ့်မယ်လို့ ရှာဟီဒူးလ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံသွားတက်ရင်း၊ ICC ရှေ့နေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။