ICJ ဆုံးဖြတ်ချက်လိုက်နာဖို့ စစ်ကောင်စီကို Fortify Rights အဖွဲ့တောင်းဆို

2023.04.14
ICJ ဆုံးဖြတ်ချက်လိုက်နာဖို့ စစ်ကောင်စီကို Fortify Rights အဖွဲ့တောင်းဆို ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာ သီတာဦး (ရှေ့ဆုံးတန်း ဘယ်အစွန်) တို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ICJ တရားရုံးမှာ တွေ့ရစဉ်။
ICJ

Fortify Rights လူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်ကောင်စီကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်စွာ ချေမှုန်းမှုတွေကို ရပ်ဆိုင်းဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးက ၂ဝ၂ဝ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ဧပြီလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားနေရတာနဲ့ပတ်သက်လို့ ICJ က ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမယ့်ကာလကို တိုးမြှင့်ပေးဖို့ စစ်ကောင်စီက မေတ္တာရပ်ခံခဲ့တာကို ICJ က ပယ်ချလိုက်ပါတယ်။

အခုလို ICJ က ဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအတွက် နောက်ထပ်ရှုံးနိမ့်မှုတစ်ခုဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthews Smith က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ တင်ပြရမယ့် နောက်ဆုံးရက်ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရက်တိုးမြှင့်ပေးဖို့ စစ်ကောင်စီက အခုနှစ် မတ်လ ၁၄ ရက်နေ့က တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီတင်ပြချက်ကို ICJ က ဧပြီလ ၆ ရက်နေ့က ပယ်ချခဲ့တဲ့အကြောင်း ဒီကနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။