အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့လိုင်ဇာဒေသကို သွားရောက်


2013.09.03

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ လက်ဂျားယန် ဒုက္ခသည်စခန်းက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို သြဂုတ်လ ၂၉ရက်နေ့ကစပြီး ၄ ရက်ကြာသွားရောက်လေ့လာခဲ့ပါတယ်။

ဗန်းမော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်က စစ်ပြေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့စီစဉ်ထားတယ်လို့ ဒုတိယအဖွဲ့ခေါင်းဆောင် Dominik Urban က RFA ကို အခုလိုပြောပြပါတယ်။

"ကျနော်ို့ ICRC အဖွဲ့ဟာ လိုင်ဇာနဲ လက်ဂျားယန်ဒုက္ခသည်စခန်းက ဆေးရုံတွေကို လည်ပတ်ခွင့်ရခဲ့ပါတယ်၊ အဲဒီဆေးရုံတွေမှာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးတာတွေလုပ်ခဲ့ြပီး နောက်ပိုင်းမှာ ကုသှုပိုင်းဆိုင်ရာ စီမံကိန်းတွေအထိဖြစ်လာို့ အလားအလာရှိပါတယ်။ မိုင်ဂျာယန်စခန်းကိုသွားို့ ပြင်ဆင်ထားပါတယ်၊ ဒါပေဲ့ ဗန်းမော်လမ်းပိတ်နေတဲ့အတွက် တခြားလမ်းကြောင်းကနေသွားို့ ပြင်ဆင်နေ ပါတယ်"
လို့ ပြောသွားတာပါ။

ICRCဟာအစိုးရနဲ့ ပိုမိုပူးပေါင်းလုပ်ကိုင်လာနိုင်ပြီးတော့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားြပီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်တယ်လို့ Dominik Urban က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဟာ ဒီနှစ် ဖေဖော်ဝါရီလကလည်း လိုင်ဇာမြို့ကိုသွားရောက်ပြီး ဆေးဝါးနဲ့ လူသုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။