ကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိ တဲ့ ကျောက်စိမ်းတုံးနှစ် တုံး ရေပူဂိတ်အနီး ဖမ်းဆီးရမိ


2017.03.19
yaypu-620.jpg လားရှိုးမြို့နဲ့ သိန်းနီမြို့အကြားက ရေပူစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးမှာ ကာလပေါက်ဈေး ကျပ်သိန်း ၃၅၀၀ ဖိုး တန်ဖိုးရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး ၂ တုံးကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

စခန်းအနီး ရပ်ထားတဲ့ ၁၂ ဘီးကားပေါ်ကနေ ဖမ်းဆီးမိခဲ့တာလို့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတာဝန်ခံ ဦးတက်ထွန်းအောင် က ပြောပါတယ်။

"၁၉၅ မိုင် ၅ ဖာလုံရဲ့လမ်းခွဲလေးရဲ့ နောက်ဖက်ခြမ်း ၂ မိုင်လောက်အကွာမှာ မသကာၤဖွယ်ရာ ကားတစ်စီး ရပ်ထားတယ်လို့ သတင်းပို့တယ် သွားကြည့်တဲ့ အခါမှာ ကားက သော့ပိတ်ပြီး တံခါးပိတ်ရပ်ထားတဲ့ ၁၂ ဘီးကား တွေ့ပါတယ်။ ကားပေါ်တက်ရှာတော့ ဖရဲသီး၊ စပါးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ ကျောက်တုံး ၂ တုံးတွေ့တယ် ကျောက်စိမ်းလို့ယူဆ ရတယ်၊ ကျောက်စိမ်းပေါ့ ကရိန်းနဲ့ချိန်တော့ တစ်တုံးက ၃ တန် တစ်တုံးက ၄ တန် စုစုပေါင်း ၇ တန်ပေါ့ ကာလ တန်ဖိုးသတ်မှတ်တဲ့အခါ ကျပ်သိန်း ၃၅၀၀ သတ်မှတ်ပါတယ်"

လိုင်စင်ရှိတဲ့ယာဉ်ဖြစ်တာကြောင့် ပိုင်ရှင်ကို ဖမ်းဆီးမိရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနနဲ့ ပူးပေါင်း ဆက်လက်ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

ရေပူဂိတ်မှာ ဖမ်းဆီးစစ်ဆေးမှုတွေဆောင်ရွက်နေတဲ့အတွက် မှောင်ခိုသယ်ဆောင်မယ့်သူတွေက စစ်ဆေးရေး အခြေအနေကို စောင့်ကြည့်ပြီး စစ်ဆေးရေး ရပ်နားချိန်မှာ သယ်ဆောင်နေတာတွေ ရှိတာကြောင့် စခန်းတာဝန်ခံတွေက လှည့်ကင်းနဲ့ ဖမ်းဆီးနေရတယ်လို့လည်း ဦးတက်ထွန်းအောင် က ပြောပါတယ်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကနေ မတ်လအထိ တရားမဝင် သယ်ဆောင်လာတဲ့ အကောက်ခွန်မဲ့ ပစ္စည်းနဲ့ ကန့်သတ်ကုန်ပစ္စည်း ဖမ်းဆီးရမိမှု ခန့်မှန်း တန်ဖိုး ကျပ်သိန်းပေါင်းနှစ်သောင်းနီးပါး ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။