၇ မိနစ်ကို ကားတစ်စီးနှုန်းနဲ့ သစ်ခိုးထုတ်နေ


2016.09.14
aungkyawkyawoo-620.jpg လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြနေစဉ်
Photo: Win Naung Toe/ RFA

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်တဲ့ ကားတွေ ၇ မိနစ်ကို ကားတစ်စီးနှုန်းနဲ့ ၂၄ နာရီ တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ တင်ပို့နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပုဂ္ဂလိကကုမ္ပဏီတွေကို သစ်ခုတ်ခွင့်၊ သစ်ထုတ်ခွင့် ရပ်ဆိုင်း ဖို့နဲ့ တရားမဝင်သစ်ခိုးထုတ်နေတာတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းစဉ်မှာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ကချင်ပြည် နယ်ကနေ တရုတ်နိုင်ငံကို တရားမဝင် သစ်တွေခိုးထုတ်နေတာဟာ မှန်ကန်ကြောင်းနဲ့ အစိုးရသစ်လက်ထက်မှာ သစ်ခိုးထုတ်မှုတွေကို ပိုမိုဖမ်းဆီးသွားမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

၂၀၁၆ -၂၀၁၇ ခုနှစ်အတွင်း ကျွန်းနဲ့သစ်မာထုတ်လုပ်မှုရပ်နားသွားမှာဖြစ်ပြီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ထုတ် လုပ်ခွင့်ပြုတော့မှာမဟုတ်ဘဲ မြန်မာ့သစ် လုပ်ငန်းရဲ့ ဝန်ထမ်း အင်အား၊ စက်ယန္တရားနဲ့ သစ်အင်အားတို့ အပေါ် မူတည်ပြီး ဌာနကထုတ်လုပ်နိုင်တဲ့ ပမာဏကိုသာ ထုတ်လုပ်သွားမှာဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံဟာ နယ်စပ်ချင်းထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ သလို နယ်မြေအေးချမ်းမှု မရှိတာတွေကြောင့် တရားမဝင်သစ်နဲ့ တခြားသယံဇာတတွေ ခိုးထုတ်မှုများနေတာဖြစ် တယ်လို့ ဝန်ကြီးက ထောက်ပြခဲ့ပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၆ နှစ်အတွင်း တရားမဝင် ကျွန်း၊ သစ်မာနဲ့ အခြားသစ်တန်ပေါင်း တစ်သိန်း သုံးသောင်းခြောက်ထောင်ကျော် ခိုးထုတ်မှုကို ဖမ်းမိခဲ့ပြီး တရားခံ ၄ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။