မကွေးတိုင်း တောပြုန်းမှု လွှတ်တော်မှာ တင်ပြ
2016.06.01

မကွေးတိုင်း အနောက်ခြမ်း ဂန့််ဂေါနဲ့ တဝိုက်မှာ သစ်ခိုးထုတ်တာတွေနဲ့ သစ်အလွန်အကျွံ ခုတ်ယူနေ တာတွေကြောင့် တောင်ကတုံးတွေဖြစ်နေတဲ့အတွက် သစ်တောထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ အလွယ်တကူရရှိနိုင်တဲ့ Chain-Saw ခေါ် လျှပ်စစ်လွှတွေနဲ့ သစ်တွေခုတ်ယူနေတာေြကာင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ယဉ်မင်းလှိုင် က ပြောပါတယ်။
"သစ်တော်ပြုန်းတီးမှုကို ပိုမိုဖြစ်ပွားစေတာကတော့ အခုအခါ အမြို့မြို့ဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူ ရရှိနေတဲ့ Chain-Saw ခေါ် လျှပ်စစ်လွှများနဲ့ စည်းကမ်းမဲ့ ခုတ်ယူနေတာေြကာင့် ဖြစ်ပါတယ်၊ အိမ်ခြေ ၅ဝဝ ရှိတဲ့ ရွာမှာတောင် Chain-Saw တစ်ရာခန့်ရှိပြီး ဂန့်ဂေါမြို့နယ်တလျှောက် Chain-Saw တစ်ထောင်ကျော်ရှိနေပါတယ်၊ သစ်တောဦးစီးဌာနကနေ စုံစမ်းသိရှိရတာကတော့ Chain-Saw တွေ ခွင့်ပြုထားတာ ၂၄ လက်သာရှိပြီး ၎င်းတို့အနက် ၄ လက်သာ သက်တမ်းတိုးထားကြောင်း သိရှိရပါတယ်"
ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရဲ့ စာရင်းအရ ဂန့်ဂေါမြို့နယ်မှာ ကြိုးဝိုင်း၊ ကြိုပြင်သစ်တောဧရိယာ သုံးသိန်းခြောက်သောင်းကျော်ရှိပြီး လက်ရှိ ကားလမ်းလူမြင်ကွင်းမှာသာ သစ်တောတွေ ကျန်ရှိနေပြီး အတွင်းပိုင်းမှာ သစ်အလွန်အကျွံခုတ်ယူမှုတွေကြောင့် တောပြုန်းနေ ပြီဖြစ်ကြောင်းလည်း ဒေါ်ယဉ်မင်းလှိုင်က တင်ပြခဲ့ပါတယ်။
အမြစ်ကနေ တူးယူပြီး ပြည်ပကို တင်ပို့နေကြသလို ကုမ္ပဏီတွေကလည်း ခွင့်ပြုတဲ့တန်ချိန်ထက် ပိုခုတ်ယူတာတွေ ရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။
အဆိုကို ထီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထောက်ခံခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ကိုင်ဆောင်အသုံးပြုနေတဲ့ Chain-Saw ခေါ် လျှပ်စစ်လွှတွေကို ဥပဒေနဲ့အညီ စိစစ်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး အဲဒီအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။