တရားမဝင်ခိုးဝင်မှု အရေးယူခဲ့ကြောင်း လူဝင်မှုဝန်ကြီးပြော
2012.07.02

ပြည်ထောင်စုဝန်ကြီး (၃) ဦးဖြစ်တဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့က ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့ရာမှာ ဝန်ကြီး ဦးခင်ရီက နိုင်ငံသားဖြစ်မှု ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင်း ခိုးဝင်ရောက်မှုကြောင့် အရေးယူထားတဲ့ ဖြစ်ရပ်မျိုးရှိကြောင်း ပြောကြားခဲ့ပါတယ်။
"အခုနောက်ပိုင်းမှာ ဆက်စပ်နိုင်ငံတွေကရှိတဲ့ illegal migrant ပေါ့။ အဲဒီပုဂ္ဂိုလ်တွေက ကျွန်တော်တို့ နိုင်ငံကို Transit လုပ်ပြီးတနေရာကို သွားတာရှိတယ်။ ၂၂ ရက်နေ့ကပဲ ကျွန်တော်တို့ ၈၈ ယောက် ပင်လယ်ပြင် တနေရာမှာ ဖမ်းမိတယ်။ ၈၇ ယောက် သည် ကပ်ရက်နိုင်ငံပေါ့နော်၊ ကျွန်တော်တို့နဲ့ အနောက်ဘက် ကပ်ရက်နိုင်ငံက နိုင်ငံသားတွေ ဖြစ်ပါတယ်။ တစ်ယောက်ကတော့ အစပ်မှာနေတဲ့ ပွဲစား လူမျိုးခြားတစ်ယောက် ဖြစ်ပါတယ်။ အဲတော့ ပြန်ပြောလို့ရှိရင် လူကောင်ချည်း လုံးလုံးချည်းကို နိုင်ငံသားဖြစ်အောင်လုပ်လို့ ဘယ်နည်းနဲ့မှ လုပ်လို့မရဘူး။ ဒါကိုသိချင်ရင် ကျွန်တော် ၈၂ law ကိုကျကျနနလေး ဖတ်ကြည့်လိုက်ရင် သိပါတယ်။ လာဘ်စားမှုသည် စောစောကလို ဖြတ်လာတဲ့နေရာတွေကို လာဘ်ပေးလာဘ်ယူလုပ်ပြီး လွှတ်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"
ဒါ့အပြင် အဲဒီတွေ့ဆုံပွဲမှာ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ Peace Donor Support Group (PDSG) နဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းက အဲဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ထောက်ခံတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လှူဒါန်းတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲမှုလုပ်မယ့် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။