ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ


2014.04.05
migrant_arrest_thai_305_z.png ထိုင်းနိုင်ငံ ရနောင်း နယ်စပ်မြို့မှ ဖူးခက်သို့ အသွား၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လမ်းခရီးတွင် ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်း ခံရသော မြန်မာလူမျိုး တရားမဝင် အလုပ်သမားများ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိတယ်လို့ ထိုင်းလဝက ရဲအရာရှိတွေက ပြောပါတယ်။

တပ်(ခ်)ခရိုင်ထဲမှာ လူမှောင်ခိုဂိုဏ်းတစ်ခု က မြန်မာတွေကို ခိုးသွင်းဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက ကြာသပတေးနေ့ ည ၈ နာရီကနေ သောကြာနေ့ မနက်ပိုင်းအထိ စီမံချက်ချမှတ်ပြီး ရှာဖွေဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်။

လူပွဲစားတွေက မြန်မာတွေကို ကားနှစ်စီးနဲ့ တပ်(ခ်)ခရိုင် တောလမ်းတွေကနေ ဘန်ကောက်မြို့ ကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပထမကားပေါ်မှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း မြန်မာ ၃၈ ဦး လိုက်ပါလာပြီး၊ ဒုတိယကားပေါ်မှာတော့ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂၀ လိုက်ပါလာတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဒါ့ပြင် တဲတစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ ၂၈ ဦးကိုလည်း ဖော်ထုတ်တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

အခုလို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာတွေဟာ အလုပ်ရှာပေးမယ့် လူပွဲစားတွေကို တစ်ဦးအတွက် ဘတ်ငွေ  ၁၃၀၀၀  ကနေ ၁၅၀၀၀ အထိ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။