ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝိုင်းတယ်ဆိုတာ မမှန်ကန်
2015.08.13

Photo: Myo Thant Khaing/RFA
မနေ့ညက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို စစ်တပ်နဲ့ ရဲတွေဝိုင်းတယ်ဆိုတာ မဟုတ်ကြောင်း သိရှိရပါတယ်။
လက်ရှိ နေပြည်တော်အခြေအနေက ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် တိတိကျကျပြောဖို့ ခက်ခဲနေပါတယ်။ အခြေအနေအားလုံးကို သတင်းမီဒီယာသမားတွေက စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဌာနချုပ်ထဲမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီနေ့ အစည်းအဝေးတွေရှိတယ် လို့ ယူဆရပါတယ်။ သတင်းမီဒီယာသမားတွေလည်း ပါတီရုံးချုပ်ရှေ့မှာ စောင့်ကြည့်နေကြပါတယ်။