နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ

ဒီကနေ့ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

2012.07.07
new-dehli-july7-b305 နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း ကျင်းပနေစဉ်။
RFA

နံနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားမှာ ဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ မှာ သေဆုံးသွားကြတဲ့ ကျောင်းသားတွေ အတွက် ရေစက်ချ အမျှဝေပေးခဲ့ကြတယ်လို့ ရွှေဝါရောင် ကျောင်းတိုက်က  ဦးနန္ဒာစရိယ က RFA ကို မိန့်ပါတယ်။

"၇ ဇူလိုင်နေ့မှာ ကျောင်းသားတွေ ကျဆုံးသွားကြတယ်။ အာဏာရှင်တွေကပေါ့၊ တက္ကသိုလ်ကြီးကို ဗုံးနဲ့ပစ်ခွဲတာတွေ၊ ဒီဟာတွေကို အိန္ဒိယနိုင်ငံသားတွေလည်း သိသွားအောင်လို့ပေါ့ဗျာ၊ ဒီဟာကို နလန်ထလာအောင် ဒီအခမ်းအနားမျိုးကို လုပ်ပေးသင့်တယ်ဆိုပြီး ဦးဇင်းတို့ လုပ်ခဲ့ကြတာ ဖြစ်တယ်။ ကျောင်းသားတွေအတွက် ရေစက်ချ အခမ်းအနားတွေ လုပ်ပေးတယ်။ အလှူအတန်း အမျှဝေပေးကြပါတယ်"

ဒီကနေ့ ပြုလုပ်တဲ့ ဇူလိုင် ၇ အခမ်းအနားကို တက်ရောက်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (လွတ်မြောက်နယ်မြေ) တာဝန်ခံ ကိုမင်းထန်က ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားဖို့ လိုတယ်လို့ ပြောပါတယ်။

"ကျောင်းသားတွေ အသက်ကို ပေးဆပ်ရတဲ့ ဇူလိုင် ၇ ရဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေဟာ လုပ်သင့်တာပေါ့လေ။ နောက်ပြီး ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။