အိန္ဒိယဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေးဖို့ရှိ

RFA Burmese
2024.10.09
အိန္ဒိယဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေးဖို့ရှိ ၂ဝ၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ချိန် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို တွေ့ရစဉ်။
Reuters

လာအိုနိုင်ငံကို ဒီလ ၁၀ ရက်က ၁၁ အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ သွားရောက်တဲ့အခါ ပဋိပက္ခဆက်ဖြစ်ပွားနေတဲ့ မြန်မာ့အရေး ဆွေးနွေးဖို့ရှိတယ်လို့ ANI က အောက်တိုဘာ ၉ ရက်က ဖော်ပြပါတယ်။

မြန်မာ့အရေးကို အပြန်အလှန်ဆွေးနွေးရေးကပဲ ဖြေရှင်းနိုင်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ၂၁ ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီး ဆွေးနွေးပွဲနဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှ တက်ရောက်ဖို့ အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့ လာအိုနိုင်ငံကို သွားရောက်မှာပါ။

လွန်ခဲ့တဲ့ သုံးနှစ် စစ်အာဏာသိမ်းလိုက်ချိန်က စပြီး မြန်မာ့အခြေအနေ တင်းမာနေပြီး အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့ သတင်းတွေလည်း ရရှိတဲ့အတွက် ဒေသတွင်းလုံခြုံရေးကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

သက်ဆိုင်သူအားလုံး စေ့စပ်ဆွေးနွေးရာက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေးကို အိန္ဒိယက အမြဲမပြတ်ပြောကြားနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။