အိန္ဒိယနှင့် မြန်မာစစ်ရေး၊ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုမြှင့်တင်

နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေးသွားဖို့နဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

2012.08.01
general-min-aung-hlaing-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
AFP

အခုလို မဟာဗျူဟာအရ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ကို ချမှတ်လိုက်တာဟာ မြန်မာစစ်တပ် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံကို ရက်သတ္တ တစ်ပတ်ကြာ အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ မြန်မာစစ်တပ် အကြီးအကဲဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony နဲ့တကွ အိန္ဒိယ စစ်တပ် ကြည်း ရေ လေ ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အိန္ဒိယ အရှေ့ပိုင်း ကြည်းတပ်နဲ့ ရေတပ် စစ်ဦးစီးဌာနချုပ်တွေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရဟာ နိုင်ငံအရှေ့မြောက်ဖျား မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို မောင်းထုတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။