ပြည်တွင်းသုံးငွေနဲ့ ကုန်သွယ်နိုင်ရေး အိန္ဒိယနဲ့ မြန်မာဆွေးနွေး

RFA Burmese
2024.09.22
ပြည်တွင်းသုံးငွေနဲ့ ကုန်သွယ်နိုင်ရေး အိန္ဒိယနဲ့ မြန်မာဆွေးနွေး အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Piyush Goyal နှင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ စက်တင်ဘာ ၂၁ ရက်နေ့က လာအိုနိုင်ငံတွင် တွေ့ဆုံစဉ်။
Photo: Piyush Goyal/ Twitter

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပြည်တွင်းသုံးငွေ အိန္ဒိယ ရူပီးနဲ့ မြန်မာကျပ်ငွေ အသုံးပြုမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Piyush Goyal က သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အရှေ့အာရှထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Piyush Goyal နဲ့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ စက်တင်ဘာ ၂၁ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။

နှစ်နိုင်ငံ ပြည်တွင်းသုံးငွေနဲ့ ပေးချေပြီး ကုန်သွယ်ခြင်းအားဖြင့် ငွေကြေးလဲလှယ်ဖို့ မလိုအပ်တော့တာကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကဏ္ဍတွေနဲ့ လောလောဆယ် ကျင့်သုံးနေတဲ့ အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုဆိုင်ရာ ကုန်စည်သဘောတူညီချက်ကို သုံးသပ်ဆွေးနွေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။