အိန္ဒိယရေတပ် ဖွဲ့ မြန်မာပြည်ရောက်ရှိ


2016.11.02
Sujata-india-navel-620.jpg အိန္ဒိယ ရေတပ်သင်္ဘော Sujata ကို တွေ့ရစဉ်
Photo: indiandefensenews.in

Tir နဲ့ Sujata အိန္ဒိယရေတပ်သင်္ဘောနှစ်စင်းနဲ့ Varuna ကမ်းရိုးတန်းစောင့်ရေယာဉ်တို့ဟာ ပင်လယ်ရပ်ခြား တပ်ဖြန့်ချရေးလေ့ကျင့်နေပြီး လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းအဖြစ် တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ကို ဒီလ ၂ ရက်က ၆ ရက်နေ့ထိ အလည်အပတ် ခရီးရောက်ရှိနေပါတယ်။

အိန္ဒိယရေတပ်ဗိုလ်ချုပ် Sunil Lanba ဟာ လေ့ကျင့်တပ်ဖွဲ့ဝင်တွေဆီ သွားရောက်ချိန်အတွင်း မြန်မာနိုင်ငံကိုလည်း တရားဝင်ခရီး ရောက်ရှိနေပါတယ်။ အိန္ဒိယရေတပ် လေ့ကျင့်ရေးတပ်ဖွဲ့ ရန်ကုန်ရောက်ရှိနေတာဟာ နှစ်နိုင်ငံ နဲ့ နှစ်နိုင်ငံရေတပ်ချင်း ဆက်ဆံရေးရှေ့ဆက်ခိုင်မြဲစေဖို့ဖြစ်တယ်လို့ အိန္ဒိယ ANI သတင်းမှာ ပါရှိပါတယ်။

အိန္ဒိယရေတပ် တပ်ဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ သီတင်း ၂၄ ပတ်ကြာမယ့် ပင်လယ်ပြင် ၈ လေ့ကျင့်ခန်းနဲ့ ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်သင်တန်းသားတွေကို သင်တန်းပို့ချလေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။