မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ လယ်ယာကဏ္ဍ ကူညီဖို့ အိန္ဒိယကမ်းလှမ်း


2016.05.19

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Nirmala Sitharaman က မြန်မာစီးပွားရေး လုပ်ငန်းရှင် ၄ဝ ကျော်နဲ့ မနေ့က တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာ့လယ်ယာကဏ္ဍအတွက် နည်းပညာ ဖြန့်ဖြူးရေးနဲ့ လယ်ယာသုံး စက်ပစ္စည်းကိရိယာ ထုတ်လုပ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ အိန္ဒိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဆေးဝါးထုတ်လုပ်ရေး၊ အထည်အလိတ်၊ အိုင်တီနည်းပညာ၊ မော်တော်ကားနဲ့ စက်မှုကဏ္ဍတွေ မှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဟာ အဖွဲ့ဝင် ၂၅ ဦးပါ အိန္ဒိယစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ၂ ရက်ကြာလာရောက်ခဲ့တာဖြစ်ပြီး မြန်မာ စီးပွားကူးသန်းဝန်ကြီး၊ စက်မှုဝန်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနဲ့ အိန္ဒိယတို့အကြား နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးဟာ ၂၀၁၄-၁၅ ခုနှစ်က ဒေါ်လာသန်း နှစ်ထောင် ဖိုး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။