ဝန်ကြီးချုပ် မိုဒီ ခရီးစဉ် နောက်ဆုံးနေ့


2017.09.07
india-pm-dassk-622 အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်
Photo:Htet Arkar/RFA

အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်လံကြည့်ရှုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ အတူ ရွှေတိဂုံစေ တီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ရွှေတိဂုံစေတီတော်အနောက်ဘက်မုဒ်မှာ သစ်ပင်စိုက်ပျိုးခဲ့ပါတယ်။

မနေ့ညက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား တစ်ထောင်ကျော်လောက်နဲ့ တွေ့ဆုံစကားပြောကြားခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ အိန္ဒိယ အလှအပ အကတွေနဲ့အတူ အိန္ဒိယဆိုတော်တွေကလည်း ဖျော်ဖြေခဲ့ကြပါတယ်။

မနေ့က ပုဂံရှေးဟောင်းမြို့မှာ အာနန္ဒာဘုရားကို ဝန်ကြီးချုပ်မိုဒီ ဖူးခဲ့ပါတယ်။

ဒီကနေ့ နေ့လည်မှာ ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။