ရခိုင်ဒေသအရေး အိန္ဒိယအတွက်ပါ စိုးရိမ်စရာရှိကြောင်း ဖော်ပြ


2016.12.20
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံ ရခိုင်မောင်တောဒေသမှာ အသစ်ပေါ်ပေါက်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယအစိုး ရအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေမှာ နောက်ထပ် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အပေါ် စိုးရိမ်ပူပန်သင့်ကြောင်း အိန္ဒိယထုတ် သတင်းတွေ မှာ ရေးသားဖော်ပြနေကြပါတယ်။

ရခိုင်ဒေသမှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံအခြေစိုက် ကော်မတီ တစ်ခုက ထိပ်တန်းခေါင်းဆောင် အယောက် ၂၀ လောက် ဦးဆောင်ခဲ့တာဖြစ်ပြီး၊ သူတို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ဖူးသူ တွေဖြစ်ကြောင်း၊ သူတို့အဖွဲ့ဟာ ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ပါကစ္စတန်အခြေစိုက် လက်ရှ်ခါ-အီး-တာအီးဘား (Laskkar e-Taiba) အကြမ်းဖက်အဖွဲ့၊ အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကတ်ရှ်မီးယား ဒေသမှာ လှုပ်ရှားနေတဲ့ ဂျာအိရှ် အီ မိုဟာမတ် (Jaish-e-Mohammed) အကြမ်းဖက်အဖွဲ့အစည်းတွေ နဲ့ပါ ထဲထဲဝင်ဝင် ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ပဋိပက္ခတွေမှာ အတွေ့အကြုံရှိထားဖူးသူတွေ ဖြစ်ဖွယ်ရှိကြောင်း ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG ခေါ် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက် ကို ကိုးကားပြီး အိန္ဒိယသတင်းတွေက သတိပေးဖော်ပြပါတယ်။

အသစ်ပေါ်ပေါက်လာတဲ့ ဒီလှုပ်ရှားမှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တို့အတွက် လုံခြုံရေးခေါင်းခဲစရာကိစ္စသစ်တစ်ခုရဲ့ ကနဦးအစ ဖြစ်လာနိုင်ကြောင်းကိုလည်း အိန္ဒိယကလာတဲ့ ရိုက်တာစ် သတင်းမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။