အိန္ဒိယက စစ်ကောင်စီကို လေကြောင်းရန်ကာကွယ်ရေးပစ္စည်းရောင်း

2021.10.10
အိန္ဒိယက စစ်ကောင်စီကို လေကြောင်းရန်ကာကွယ်ရေးပစ္စည်းရောင်း ၂၀၁၇ ခုနှစ်က တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပစဥ်
Photo: Myanmar Military

အိန္ဒိယနိုင်ငံ Bharat Electronics Limited (BEL) ကုမ္ပဏီက၊ မြန်မာစစ်ကောင်စီက ဝယ်ထားတဲ့ အဝေးထိန်း စနစ်နဲ့ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက လွှဲပြောင်းပေးအပ်လိုက်တယ်လို့ အိန္ဒိယကလာတဲ့သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြထားပါတယ်။

အဲဒီ BEL ကုမ္ပဏီက အိန္ဒိယစစ်တပ်လက်အောက်ခံဖြစ်တယ်လို့ဆိုပါတယ်။ အခုလို မြန်မာစစ်တပ်ကဝယ်တဲ့ အဝေးထိန်းပစ္စည်း လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့အကြောင်းကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်ရောင်းဝယ်ရေး Panjiva ကုမ္ပဏီရဲ့ သတင်းရင်းမြစ်အရလို့ ဆိုပါတယ်။

အိန္ဒိယ BEL ကုမ္ပဏီက၊ မြန်မာနိုင်ငံက Mega Hill General Trading Co. ကနေတဆင့် အဲဒီပစ္စည်းတွေကို လွှဲပေးတာလို့လည်း သတင်းထဲမှာရေးထားပါတယ်။ ဒီအကြောင်းကို Justice for Myanmar အဖွဲ့က ဖော်ထုတ်ပြောဆိုထားတာဖြစ်သလို၊ BEL ကုမ္ပဏီကို ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ဘူး လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။