ဂျာကာတာက မြန်မာ့အရေးဆွေးနွေးပွဲကို ပြည်တွင်းဝါရင့်နိုင်ငံရေးသမားတွေ စာပေးပို့

RFA Burmese
2024.10.05
ဂျာကာတာက မြန်မာ့အရေးဆွေးနွေးပွဲကို ပြည်တွင်းဝါရင့်နိုင်ငံရေးသမားတွေ စာပေးပို့ ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးခဲ့ကြစဉ်။
AFP

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စာပေးပို့ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က RFA ကို ပြောပါတယ်။

မြန်မာပြည်တွင်း ဆွေးနွေးပွဲက သဘောတူညီချက်တွေကို ပေးပို့ခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“နိုင်ငံရေး အကျဥ်းသားဟောင်းတွေ များတယ်၊ ဝါရင့်နိုင်ငံရေးသမားတွေများတယ်၊ အဲဒီအဖွဲ့ကိုသွားပြီးတော့ ဒီလိုသဘောထားတစ်ခုထွက်လာအောင်အတွက်ကို seminar လေးတစ်ခုကို အခု ဂျာကာတာပွဲကို စီစဥ်တဲ့လူတွေကပဲ စီစဥ်တဲ့သဘောရှိပါတယ်၊ အဲ seminar လေးကနေပြီးတော့ထွက်ပေါ်လာတဲ့ သဘောထားကို ဂျာကာတာဖိုရမ်ကို ယူသွားတဲ့ အဓိပ္ပာယ်ပါ"

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြည်တွင်းမှာ လွတ်လပ်ပြီး နိုင်ငံရေးအရ အစဥ်အလာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတွေပါတဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံအရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန် တွေပါတဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တာပါ။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်နေကြပါတယ်။

ဒီဂျာကာတာ အစည်းအဝေးကို သတင်းရယူခွင့်နဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကူးခွင့် ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။