အင်းတော်ကြီးကန်ကို ဇီဝအဝန်း နယ်မြေအဖြစ် UNESCO သတ်မှတ်


2017.08.02
inntawgyi-lake-622.JPG ကချင်ပြည်နယ် အင်းတော်ကြီးကန် ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် အင်းတော်ကြီးကန်ဟာ ထူးခြားတဲ့ ဂေဟနစ်တွေနဲ့ ဇီဝမျိုးကွဲ ကြွယ်ဝတဲ့အတွက် ဇီဝအ၀န်း နယ်မြေအဖြစ် ယူနက်စကို UNESCO အဖွဲ့ကြီးက သတ်မှတ်လိုက်ပါတယ်။

အင်းတော်ကြီးကန်ဟာ ၂၀၀၃ ခုနှစ်ကလဲ အာဆီယံ အမွေအနှစ်ဥယျာဉ်စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရပြီး၊ ကမ္ဘာ့အဆင့် အရေးပါတဲ့ ငှက်မျိုးစိတ်တွေ ကြွယ်ဝတာ၊ တခြားထူးခြားတဲ့ ရေဝပ်ဒေသ အင်္ဂါရပ်တွေ ရှိနေတာကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရမ်ဆာရေဝပ် ဒေသ (Ramsar Site) အဖြစ် ထပ်ပြီး သတ်မှတ်ခံခဲ့ရပါတယ်။

ပျူယဉ်ကျေးမှုထွန်းကားခဲ့တဲ့ ဟန်လင်း၊ ဗဿနိုး၊ သရေခေတ္တရာ နယ်မြေတွေကိုလည်း  ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲကို ထည့်သွင်းခံခဲ့ရသလို အခုအခါ  ပုဂံဒေသကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်အောင်  ကြိုးစားနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။