လမ်းဘေးဈေးသည် ၁၁ ဦးကို တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချမှတ်


2012.12.27

တရားစွဲခံထားရတဲ့ ဈေးသည်တစ်ဦးဖြစ်သူ ကိုခင်ဇော်က ဒီကနေ့ တရားရုံးချိန်းအပြီးမှာ RFA ကို အခုလို ပြောပါတယ်။

" ပျံကျဈေးသည်ဆိုရင် ဥပဒေတစ်ခုတည်းကိုပဲဖြစ်စေချင်ပါတယ်၊ သူတို့ ပိုက်ဆံယူးထားတဲ့ သူတွေကိုကျတော့  ရောင်းခိုင်းတယ် ကျွန်တော်တို့ လိုလမ်းဘေးဈေးသည်လေးတွေကိုကျတော့ လိုက်ဖမ်းတယ် အဲ့ဒါမျိုးတွေမဖြစ်သင့်ပါဘူး၊  စည်ပင်သာယာ ဥပဒေဟာ တစ်ခုတည်းပဲဖြစ်စေချင်ပါတယ်"

ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ဈေသည်တွေထဲမှာ အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၉)ဦးပါဝင်ပြီး ဈေးသည်တစ်ဦးကို ဒဏ်ငွေ(၁၀,၀၀၀)ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်တာကြောင့် တရားစွဲဆိုခံထားရတဲ့ ဈေသည်တွေမှာ ဒဏ်ငွေပေးဆောင်ဖို့ ငွေမလုံလောက်တဲ့အတွက် တစ်ခြားသူတွေဆီကနေ ငွေတိုးနဲ့ချေးယူ ပေးဆောင်ခဲ့ရတယ်လို့ ဈေးသည်တစ်ဦးက အခက်အခဲကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၁၃)ရက်နေ့က အင်းစိန်မြို့နယ်တရားရုံးက အဲဒီ ဈေးသည် (၁၁) ဦးကို ပုဒ်မ(၁၈)နဲ့ တရားစွဲဆိုခဲ့တာပါ။

အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့နှစ် (၂၀)လောက်ကတည်းက ဈေးရောင်းချလာခဲ့တဲ့ ဈေးသည်(၁၀၀)ကျော်ထဲမှာ ဆန္ဒပြဈေးသည်တွေကိုသာ ရောင်းချခွင့် ပိတ်ပင်ခဲ့တဲ့အတွက် အဲဒီအပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ရာက အခုလို တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။