နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်

မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်း ၈ လိုင်းထက်မနည်း ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ အဲဒီ လေကြောင်းလိုင်းတွေ ကတော့ ဂျပန်က All Nippon လေကြောင်းလိုင်း၊ Qatar လေကြောင်းလိုင်း၊ သိရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်း၊ Hong Kong Express လေကြောင်းလိုင်း၊ ပါကစ္စတန် လေကြောင်းလိုင်း၊ ကိုရီးယား လေကြောင်းလိုင်းနဲ့ တိုင်ပေ အခြေစိုက် EVA လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။

2012.07.07

ဂျပန် All Nippon လေကြောင်းလိုင်းဟာ မြန်မာနဲ့ ပံျသန်းပြေးဆွဲမှု (၁၂) နှစ်ကြာ ရပ်ဆိုင်း ထားခဲ့ရာက လာမယ့် စက်တင်ဘာလက စပြီး ရန်ကုန်နဲ့ တိုကျိူ တိုက်ရိုက် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျာမဏီနိုင်ငံက Condor လေကြောင်းလိုင်းဟာလည်း လာမယ့် နိုဝင်ဘာလက စပြီး Frankfurt မြို့နဲ့ ရန်ကုန်မြို့ကို အပတ်စဉ် ပြေးဆွဲဖို့ စီစဉ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။