အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ

မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ပါတယ်။

2011.11.10
internet-coffee2-305 ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
Photo: RFA

ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ် အင်တာနက် သုတေသနဌာန Citizen Lab က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ် အရ ဆီရီးယားနဲ့ မြန်မာ အစိုးရတွေဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် အခြေစိုက် Blue Coat ကုမ္ပဏီရဲ့ နည်းပညာတွေ သုံးစွဲနေကြောင်း အထင်အရှား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Blue Coat ကုမ္ပဏီ ကတော့ မြန်မာ အစိုးရက Blue Coat ရဲ့နည်းပညာတွေ အသုံးပြုနေတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ အခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေနဲ့ မိမိတို့ နည်းပညာတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေက အသုံးပြုတာ မလိုလားကြောင်း၊ ဒီအတွက် စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Steve Schick က ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေဟာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-12 10:49

DSA မှာဘဲ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကွန်ပျုတာပညာရှင်တစ်ယောက် သင်ကြားပေးနေတာရှိပါတယ်

Anonymous
2011-11-12 02:14

အဲလိုတွေပိတ်လို့မရအောင် လုပ်လို့မရဘူးလား။နည်းလမ်းလေးရှိရင် ကူညီကြပါ ။မြန်မာပြည်မှာအင်တာနက်သုံးရတာ အကုသိုလ်များလွန်းလို့ပါ ။

Anonymous
2011-11-10 14:30

မှတ်ချက်ရေးထည့်လည်း ထည့်သွင်းဖေါ်ပြပေးတာမရှိပါဘူး။ အဲဒါဘာကြောင့်ဘာလဲ။ လူရွေးချယ်ရေးခွင့်ပြုထားလို့လား သိချင်ပါတယ်။