တိုင်းနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့စည်းမည်


2017.04.06
aungnaingoo-620.jpg မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို ရန်ကုန်မြို့ MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်
Photo:Thant Zin Oo/RFA

မြန်မာနိင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ကြေငြာချက်အမှတ် ၁၁/၂၀၁၇ အရ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီတွေ ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီကော်မတီတွေကို MIC ရဲ့လုပ်ပိုင်ခွင့်အချို့ ခွဲပေးသွား မယ်လို့ ဒီကနေ့ ရန်ကုန်မြို့က MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် တိုင်းနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေဟာ အမေရိကန်ဒေါ်လာ ၅ သန်း ဒါမှမဟုတ် မြန်မာကျပ်ငွေ သန်းခြောက်ထောင်အထိ တန်ဖိုးရှိတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး MIC ကိုခွင့်ပြုမိန့်တင်စရာမလိုတော့ဘဲ လုပ်ကိုင်ခွင့်ပြုနိုင်မှာ ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတွေမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ု ပြည်နယ်ဝန်ကြီးချုပ်တွေက ဥက္ကဌအဖြစ်ပါဝင်မှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ၅ ဦးစီလည်းပါဝင် ရမှာဖြစ်ပါတယ်။

ကော်မတီတွေရဲ့ အတွင်းရေးမှူးနေရာကိုတော့ MIC ရဲ့တိုင်းနဲ့ပြည်နယ် ညွှန်ကြားရေးမှူးတွေက ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

အဲဒီကော်မတီတွေ ဖွဲ့စည်းဖို့အတွက် လက်ရှိအချိန်မှာ အမည်စာရင်းတောင်းခံထားပြီး ဧပြီလကုန်မှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။