ရိုဟင်ဂျာအရေးဖိအားကြောင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများ အသင်းဝင်ခွင့် မြန်မာ ပယ်ချခံရ


2018.11.05
iora-meeting-622.jpg ၁၈ ကြိမ်မြောက် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း IORA အစည်းအဝေးကို ၂၀၁၈ နိုဝင်ဘာလ ၂ ရက်နေ့က တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာကျင်းပစဉ်
Photo: IORA

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ကျင်းပခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း IORA အသင်းအစည်းအဝေးကနေ မော်လ်ဒိုက်နဲ့ မြန်မာနိုင်ငံတွေကို အသင်းဝင်အဖြစ် အဆိုပြုထားရာမှာ နောက်ဆုံးအချိန် ကန့်ကွက်မဲနဲ့ မြန်မာနိုင်ငံ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အသင်းဝင်နိုင်ငံအဖြစ် ဝန်ကြီးများအဆင့် အစည်းဝေးကနေ သဘောတူပြီး ဖြစ်ပေမယ့် အဖွဲ့အလှည့် ကျ သဘာပတိနိုင်ငံဖြစ်တဲ့ တောင်အာဖရိကနိုင်ငံက ကန့်ကွက်ခဲ့တဲ့အတွက် အခုလို ပယ်ချခံခဲ့ရတာလို့ အိန္ဒိယနိုင်ငံ ကထုတ်တဲ့ Wire သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီလို တောင်အာဖရိကနိုင်ငံက ကန့်ကွက်ခဲ့တာဟာလည်း ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဖိအားပေးလို့ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းစာက ရေးပါတယ်။

မော်လ်ဒိုက်နိုင်ငံကိုတော့ မူလက အဖွဲ့ဝင်နိုင်ငံဖြစ်ရေး သဘောမတူခဲ့ပေမယ့် စက်တင်ဘာလ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရသစ်ပေါ်ပေါက်လာအပြီး IORA နိုင်ငံများအကြား သဘောထားပြောင်းလဲခဲ့တဲ့အတွက် အခုလို အသင်းဝင်အဖြစ် လက်ခံခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်းဟာ ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ သြစတြေးလျ၊ တောင်အာဖရိက၊ ထိုင်း၊ သီရိလင်္ကာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံ ၂၁ နိုင်ငံ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။