ဧရာဝတီမြစ် ကာကွယ်ရေး ဝိုင်းဝန်း ပါဝင်ကြဖို့ လူ့အခွင့်ရေးအဖွဲ့ တိုက်တွန်း
2011.08.05

RFA
(CPI) ကော်ပိုရေးရှင်းက ကူညီ ထောက်ပံထားတဲ့ မြန်မာနဲ့ တရုတ် ပညာရှင် လေ့လာရေးအဖွဲ့ကနေ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည်မဖော်ဖို့ စာမျက်နှာ ၉၄၅ မျက်နှာ ပါတဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကြီးမားတဲ့ ရေကာတာကြီးကို ဧရာဝတီမြစ်မှာ တည်ဆောက်ဖို့ မသင့်တော်တဲ့ အကြောင်း အဓိကတင်ပြ ထားတာပါ။ ဒါပေမယ့် မြန်မာနဲ့ တရုတ်အစိုးရတို့က အစီရင်ခံစာပါ အချက်တွေကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ် နေတာကြောင့် ဧရာဝတီမြစ် ပျောက်ကွယ်မသွားဖို့ အရေးဟာ အမျိူးသားရေး တာဝန်တရပ် ဖြစ်လာပြီလို့ US campaign for Burma အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။
ပြည်တွင်းမှာလည်း ထင်ရှားတဲ့ အနုပညာရှင်တွေ ကိုယ်တိုင် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်မသွားဖို့ ဟောပြောပွဲတွေ ကျင်းပ နေပါတယ်။ ပြီးခဲ့လပိုင်းက မင်္ဂလာဒုံမြို့နယ်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ဧရာဝတီ မြစ်ရေတွေ တဖြည်းဖြည်းနဲ့ တိမ်ကော လာနေတဲ့အကြောင်း ဟောပြချက်ကို လူကြိုက်များတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ကြီးရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး သုသေသန စာတမ်းတစောင် ပြုစုခဲ့တဲ့ ဦးအောင်ဒင်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |