ဧရာဝတီ ကာကွယ်ဖို့ ကျောင်းသားတွေစာကပ်
2011.09.13

RFA
ဒီ အတောတွင်း မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဒီ စီမံကိန်းကို မဖြစ်မနေ ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုတာဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဗကသ ကျောင်းသား အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုမင်းသွေးသစ်က ဝေဖန် လိုက်ပါတယ်။
“ကျနော်တို့ ကျောင်းသားတွေရဲ့ အမြင်ကတော့ အစိုးရ တဖွဲ့ထဲမှာတင် ပြန်ကြားရေး ဝန်ကြီးက ခဏရပ်ပြီး စောင့်ကြည့်မယ်လို့ ပြောတယ်။ လပိုင်းပဲ ရှိသေးတယ် စက်မှု (၁) ဝန်ကြီးက ဒီလိုမျိုး စကား ထပ်ပြောတယ် ဆိုတာက အစိုတရပ်ရဲ့ ဂုဏ်သိက္ခာ ပျောက်နေတယ်။ နောက်တချက်က ဘယ်သူပဲ ဘာပဲ ပြောပြော ဆက်လုပ်မယ် ဆိုတာက ပြည်သူက တာဝန်ပေးလို့ အုပ်ချုပ်နေတယ် ဆိုတာနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတယ်”
ဒီကနေ့ ထုတ်ပြန်တဲ့ ဗကသအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရေး လှုပ်ရှားမှုကို ကျောင်းသားတွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်လို့ ဖော်ပြ ထားပါတယ်။
တချိန်ထဲမှာပဲ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ အသိပညာပေး ဆောင်းပါးတွေ၊ ရေကာတာရဲ့ ဆိုးကျိုးနဲ့ ပတ်သက်လို့ အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် ဝေဖန် ပြောကြား ချက်တွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ အပြည့်အစုံ ဖော်ပြခွင့် မပေးဘဲ စာပေ စိစစ်ရေးက ဖြတ်တောက် နေတယ်လို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ Yangon Times ဂျာနယ် အမှုဆောင် အယ်ဒီတာ ဦးကိုကို(စက်မှု)နဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |