ယဉ်ကျေးမှုတွေကို နားလည်အောင် ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2013.02.02

Photo:RFA/Sai Htun Aung Lwin
ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပတဲ့ စာပေပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အခုလိုမိန့်ခွန်းပြောကြားခဲ့တာပါ။
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာက စာပေသမားတွေနဲ့ တွေ့ထိခွင့်ရတဲ့အခါမှာ အတွေးအခေါ်မျိုးစုံ ယဉ်ကျေးမှုမျိုးစုံကို အများကြီးသင်ယူနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီစာပေဟောပြောပွဲဟာ နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပထမဆုံးအကြိမ် ပူးပေါင်း ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးနေကြပါတယ်။