ဆည်မြောင်းဝန်ထမ်းတွေ ရေမပေးလို့ နွေစပါးတွေ ပျက်တော့မည်

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် အောက်ကတဲကျေးရွာက လယ်ဧက ၃ ရာကျော်ဟာ ဆည်မြောင်းဦးစီးဌာနက ရေလုံလောက်အောင်မပေးနိုင်လို့ နွေစပါးတွေ သေတော့မယ့် အခြေအနေ ရောက်နေတယ်လို့ သတင်းရရှိပါတယ်။

2012.03.03
farmers_hay_bunches_305_z.jpg လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင်နေတဲ့ တောင်သူလယ်သမားများပုံ
Photo: AFP

စိုက်ပျိုးထားပြီးတဲ့ နွေစပါး အောင်ဖို့အတွက် နောက်ဆုံးအနေနဲ့ လိုအပ်တဲ့ အောင်ရေပမာဏကို တင်ပြတောင်းခံခဲ့ပေမယ့် အထက်မှာ ရေမရှိဘူးလို့ ဆည်မြောင်းဝန်ထမ်းတွေက ပြောပြီး လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက အနည်းငယ်သာ လွှတ်ပေးတဲ့အတွက် သူတို့လယ်တွေကို ရေမရောက်တော့ကြောင်း အောက်ကတဲကျေးရွာက လယ်သမားကြီး ဦးမောင်ဝင်းက ပြောပါတယ်။

“ပိုက်ဆံပေးမှ ရေပေးပါတယ်။ အရင်ကာလတွေမှာ အဲဒီလို ပိုက်ဆံပေးမှ လွှတ်ပေးပါတယ်။ အခု လက်ရှိလယ်သမားတွေက ပိုက်ဆံလည်း မပေးနိုင်တော့ပါဘူး။ တကယ်လည်း ဒုက္ခ ရောက်နေကုန်ကြပါပြီ”

အရင်ကာလက လယ်သမားတွေ စုပြီး ငွေ လေးငါးသောင်း ပေးခဲ့တုန်းကတော့ ရေရခဲ့တယ်လို့လည်း ဆိုပါတယ်။ လယ် ၇ ဧက ပိုင်ဆိုင်တဲ့ လယ်သမားကြီး ဦးဟန်ဌေးကတော့ ရေမရရင် ဘာ ဆက် လုပ်ရမှန်း မသိတော့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းတုန်းကလည်း ဒီဒေသမှာ ရေကြီးလို့ မိုးစပါးတွေပျက်ပြီး ဆောင်းသီးနှံအဖြစ် ပဲစိုက်ပျိုးတဲ့ အခါမှာလည်း ပိုးကျတဲ့အတွက် အရှုံးပေါ်ခဲ့ရပါတယ်၊ အခုတခါ  နွေစပါးလည်း ပျက်တော့မယ့် အနေအထား ရောက်နေပြီလို့ လယ်သမားတွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-03 14:43

What the hell in myanmar. People are suffering and more suffer. What the goverment doing? Killing own people or making people are suffer? If president know what he going to do? Pls I wanna ask to the Mr.President help the people whom they are suffering in Myanmar. Then you can get the good name. Good luck you all.

Anonymous
2012-03-04 10:32

next time never belief to good government clean government.you belief to yourself.

Anonymous
2012-03-04 17:36

You Know Military Leaders teach all staffs " You must accept any bribes if people give any means( Including your blackmailing anyway )". Even municiple staffs blackmail in city. No strange , ....

Anonymous
2012-03-04 15:02

ပိုက်ဆံပေးမှရေပေးရအောင် ဒီဆည်ဆောက်ထားတာ ဆည်မြောင်းကိုလူကြီးပိုက်ဆံနဲ့ဆောက်ထားတာမို့လို့လား ကိုယ့်အခွန်တွေကိုယ်ပေးပြီး ဆောက်ထားရတာလေ နင်တို့တွေလည်းတနေ့ကျ ငါတို့တွေလိုဒုကမရောက်ကြပါစေနဲ့ ရေသောက်စရာမရှိဘဲကိုယ့်လည်ပင်းသွေးကိုယ်မေဖောက်ကြရစေပါနဲ့