အစ္စလာမ် ဘာသာဝင်အဖွဲွ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကန့်ကွက်


2016.10.12
islam-statement-620.jpg ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင် အရပ်ဘက် လူမှုအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲကင်း ၃ ခု အကြမ်းဖက်တိုက်ခိုက် ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမွတ်စလင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စုပေါင်း ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံသားတွေအပေါ် အေးချမ်းမှုပျက်ပြားစေပြီး စိုးရိမ် မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ရှုတ်ချတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ Social Alliance (လူမှုမဟာမိတ်)အဖဲွ့က မဒါလီမြင့်က ပြောပါတယ်။

"ကျမတို့က ဘာသာဝင်ဆိုတာကို အဓိကမထားပါဘူး၊ အကြမ်းဖက်သူတွေက အကြမ်းဖက်သူတွေပါပဲ၊ အကြမ်းဖက်သူတွေရဲ့ လုပ်ဆောင်ချက်က ကျွန်မတို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ သူတွေအားလုံးရဲ့ အေးချမ်းမှုနဲ့ စိုးရိမ်မှုကိုဖြစ်ပေါ်စေတယ်၊ အေးချမ်းမှုကိုလည်း ပျက်ပြားစေတယ်၊ အဲ့ဒါတွေကို အဖြစ်မခံနိုင်ပါဘူး၊ အဲ့ဒါကြောင့် ရှုတ်ချတဲ့အနေနဲ့ စာထုတ်လိုက်တာပါ"

အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးသွားခဲ့ရတဲ့အပေါ် ထပ်တူဝမ်းနည်းကြောင်း နဲ့ မြန်မာမွတ်စလင် အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်သူတွေနဲ့ တစ်သားတည်းရပ် တည်ကြောင်း ကြေညာချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရဲကင်း ၃ ခုကို အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့သလို လက်နက်နဲ့ ကျည်တွေ ပါသွားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေ ရှိနေနိုင်တဲ့ မောင်တောမြို့နယ်က ကျေးရွာတွေကို အစိုးရစစ်တပ်က ရှာဖွေနေပြီး နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။