မြန်မာ့ဆက်သွယ်ရေး ကြားဖြတ်နားထောင်နိုင်ဖို့ အစ္စရေးကုမ္ပဏီတင်ဒါအောင်ခဲ့

RFA Burmese
2023.01.15
မြန်မာ့ဆက်သွယ်ရေး ကြားဖြတ်နားထောင်နိုင်ဖို့ အစ္စရေးကုမ္ပဏီတင်ဒါအောင်ခဲ့ အစ္စရေးနိုင်ငံက ထောက်လှမ်းရေးနည်းပညာကုမ္ပဏီ Cognyte ရုံးချုပ်။
Reuters

အစ္စရေးထောက်လှမ်းရေးနည်းပညာကုမ္ပဏီ Cognyte ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ ခေတ်ရှေ့ပြေး ဆိုင်ဘာထောက်လှမ်းရေးစနစ် ရောင်းချဖို့ ၂၀၂၀ ပြည့်နှစ်မှာ တင်ဒါအောင်ခဲ့တယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က ဇန်နဝါရီလ ၁၅ ရက်နေ့က ဖော်ထုတ်လိုက်ပါတယ်။

Cognyte ဟာ လုံခြုံရေးနည်းပညာ စတော့အိတ်ချိန်းတစ်ခုဖြစ်တဲ့ NASDAQ စာရင်းဝင်ပြီး အသုံးပြုသူတွေကို ကြားဖြတ်နားထောင် စောင့်ကြည့်နိုင်ဖို့ မိုဘိုင်းဖုန်းအော်ပရေတာဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ရဲ့တင်ဒါအောင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီကာလတုန်းက အစ္စရေးနိုင်ငံမှာ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းတွေ လွှဲပြောင်းတာက တရားမဝင်ဘဲ မြန်မာပြည်သူတွေကို စစ်တပ်က အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အစီအစဉ်တွေ မရှိဘူးလို့ Justice for Myanmar က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေရဲ့အဆက်အသွယ်တွေကို စောင့်ကြည့်ဖို့နဲ့ တည်နေရာကို ခြေရာခံဖို့ အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းတဲ့လုပ်ငန်းကို တိုးချဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလို့ Justice for Myanmar က ထောက်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။