မြန်မာနိုင်ငံရေးအကျဉ်းသားများအကြောင်း ဓာတ်ပုံစာအုပ်ထုတ်မည်

“မြန်မာပြည်ရဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ မှု-အဘယ” လို့ တိုက်ရိုက်အဓိပ္ပာယ် ရတဲ့ Abhaya: Burma’s Fearlessness အမည်ရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသား တွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်တအုပ် ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ တနှစ်ပြည့်ကာလ ဖြစ်တဲ့ နိုဝင်ဘာလ အတွင်းမှာ ထုတ်ဝေမယ်လို့ ထိုင်းနိုင်ငံ River Books စာအုပ်တိုက်က ဒီကနေ့ ကြေညာပါတယ်။

2011.10.09
james-mackay-book-305 မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားများ အကြောင်း ဗြိတိန် ဓာတ်ပုံဆရာ James MacKay မှတ်တမ်းတင် ပြုစုထားသည့် Abhaya: Burma’s Fearlessness အမည်ရှိ စာအုပ်မျက်နှာဖုံး။
Image: RFA

ဒေါ်အောင်ဆန်းစုကြည် အမှာစာ ရေးသားထားတဲ့ ဒီစာအုပ်ကို ဗြိတိန် ဓာတ်ပုံဆရာ James MacKay က ရေးသားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ဓာတ်ပုံနဲ့ သရုပ်ဖော်ပုံ ၂၅ဝ ကျော် ပါဝင်မယ်လို့ သိရပါတယ်။

ဒီစာအုပ်မှာ ဖော်ပြထားသူ အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်း များစွာ အကြောက်တရားကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့သူတွေ ဖြစ်ကြောင်း၊ သူတို့ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုဟာ သူတို့ရဲ့သတ္တိ ဖြစ်ပြီး သူတို့နဲ့ သူတို့ ရပ်တည်ခဲ့တာတွေအပေါ် မမေ့လျော့သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံဆရာ James MacKay ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေနဲ့ ပြင်သစ် ဓာတ်ပုံဆု ၂ ကြိမ် ရရှိခဲ့သူဖြစ်ပြီး မနှစ်က နေအိမ်အကျယ်ချုပ် လွတ်မြောက်အပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်တွင်း သွားရောက် ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၇ ဦးရဲ့ ဓာတ်ပုံတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-10 01:34

ဘယ်လို ၀ယ်လို ၇နိုင်မလဲ သိတဲ့ အကို အမ များ လမ်းညွှန်းပေးပါ ခင်ဗျာ