ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံဖွယ်ရှိ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီတာ ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဂျပန်တိုင်းသတင်းစာက ဖေါ်ပြပါတယ်။
အဲ့ဒီအစီအစဉ်အတိုင်းဆိုရင် မစ္စတာ ကီရှိတာ ဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံ ကို ပထမဆုံးသွားရောက်တဲ့ ဂျပန်နိုင်ငံခြာေးရးဝန်ကြီးဖြစ်မှာပါ။ မစ္စတာ ကီရှိတာအနေနဲ့လည်း မြန်မာနိုင် ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ကို အလည်အပတ်ဖိတ်ခေါ်ဖို့ အစီအစဉ် ရှိတယ်လို့ သတင်းမှာဖေါ်ပြပါတယ်။
တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ မစ္စတာ ကီရှိတာ ဟာ Golden Week လို့ ခေါ်တဲ့ ဧပြီလကုန်ပိုင်းမှာစတင်တဲ့ အားလပ်ရက်အတွင်း၊ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြီးရင် ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်း ဖေါ်ပြပါတယ်။
တရုတ်ပြည်ကလည်း စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာဖို့ အလားအလာကောင်းနေတဲ့ မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်တက်လာပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။