ဂျပန်နိုင်ငံခြားရေးဌာနကို မြန်မာတွေသွားရောက် ရှင်းလင်း

ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ AUN က ဒီကနေ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရှင်းလင်းပြော ဆိုကြောင်း သိရပါတယ်။

2012.07.11

ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေး အပေါ် အခြေခံလာတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရှင်းပြခဲ့ကြောင်း AUN အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်က RFA ကို ပြောပါတယ်။

"ဒီ ရိုဟင်ဂျာ ဆိုတာ အရင်တုန်းကလည်း မရှိခဲ့ဖူးဘူး။ အဲတာကို သူတို့က တိုင်းရင်းသား အနေနဲ့ တောင်းဆိုတယ်။ ဒီဥစ္စာတွေဟာ လုပ်ကြံ ဖန်တီးမှုတွေ ဖြစ်တယ် ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ သွားရှင်းပြတာပါ။ သမိုင်း အထောက်အထားနဲ့။ ဒီ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ဒီအဖြစ်အပျက်တွေကို သူတို့ကလည်း သိသင့်သလောက် သိတယ်ဆိုတဲ့ အကြောင်း၊ သူတို့ ကိုယ်တိုင်လည်း အဲဒီနယ်ကို ရောက်ခဲ့တယ် ဆိုတဲ့အကြောင်း ပေါ့ဗျာ၊ ပြန်ပြီးတော့ တုံ့ပြန်တာ ရှိပါတယ်။ မြန်မာပြည်မှာဗျာ၊ နှစ်ရှည်လများ နေထိုင်လာကြတဲ့ သူတွေကတော့ သက်ဆိုင်ရာ အထောက်အထားတွေနဲ့ ပြနိုင်လို့ ရှိရင်တော့ ဒါက နိုင်ငံသားအဖြစ် ဥပဒေအရ အသိအမှတ် ပြုသင့်တဲ့သူတော့ ပြုပေးဖို့ လိုတယ်။ နေထိုင်ခွင့် ပြုပေးသင့်သူကို နေထိုင်ခွင့် ပြုဖို့လိုတယ်။ နယ်နှင်ဒဏ် ပေးသင့်တဲ့ သူကို နယ်နှင်ဒဏ် ပေးဖို့လိုတယ်။ အဲတာကိုတော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ်"

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ AUN အဖွဲ့က သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ နောက်ဆုံးရ သတင်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်သူတွေထဲမှာ AUN အဖွဲ့ တာဝန်ရှိသူတွေအပြင် KANDA တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။