ဒေသတချို့မှာ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေကြောင်း စစ်ကောင်စီဝန်ခံ

RFA Burmese
2023.11.16
ဒေသတချို့မှာ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေကြောင်း စစ်ကောင်စီဝန်ခံ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ စစ်ရေးပြနေပုံအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
MRTV

နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတချို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ်တချို့မှာ ဒီလိုဖွဲ့စည်းနေတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့တာပါ။

"နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနတွေမှာ လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းနေတယ် ဆိုတဲ့ဟာမျိုးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းနေတယ်ဆိုတဲ့ ဟာမျိုးတွေ ထွက်လာတာ ရှိပါတယ်။ ... မတည်ငြိမ်သေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အချို့မြို့နယ်တွေ၊ ရခိုင်ပြည်နယ် အချို့မြို့နယ်တွေ၊ ချင်းပြည်နယ်ထဲက အချို့မြို့နယ်တွေမှာပဲ ဒါတွေရှိတယ်၊ လုံခြုံရေးအရ ဆောင်ရွက်နေရတာ ရှိတယ်လို့ ပြောချင်ပါတယ်"

ရိုက်တာသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ အစိုးရဝန်ထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေကို အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ထားဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတွေဟာ စစ်သင်တန်းပါဝင်တဲ့ သင်တန်းတွေကို မန္တလေးတိုင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ရန်ကုန်တိုင်း ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွေကို တက်ရောက်ရပြီး အရပ်သားအစိုးရ လက်ထက်မှာတော့ ဒီစနစ်ကို ဖျက်သိမ်းထားခဲ့တာပါ။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။