တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်


2014.12.17
taunggyi-court-305.jpg တောင်ကြီးခရိုင် တရားရုံးပုံ
Photo: Kyaw Myo Tun
မှုခင်းတွေကို မှန်မှန်နဲ့မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေး အပါအဝင် တရားရုံးတွေရဲ့ ဝန်ဆောင်မှုတွေ ကို မြှင့်တင်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီ့စီမံကိန်းအရ တရားရုံးအသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှုကို ၈၀ ရာခိုင်နှုန်းအထိ ရရှိစေရေး နဲ့ နှစ်အလိုက်အမှုပြီးပြတ်မှုကို ၁၀၀ ရာခိုင်နှုန်း အထိရရှိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အဲဒီ့လို ရာခိုင်နှုန်းသတ်မှတ်မှုတွေဟာ လွဲမှားနေ တယ်လို့ ပြည်သ့ူလွှတ်တော် ဥပဒေရေးရာကော် မရှင်အဖွဲ့ဝင် ဦးသန်းမောင်က ပြောပါတယ်။

"ရာခိုင်နှုန်းသတ်မှတ်ပြီး လုပ်ဖို့ဆိုတာကတော့ လက်တွေ့မှာတော့ မပြောနိုင်ဘူးလို့ ကျနော်ယူဆတယ်၊ ဒီအမှုရာခိုင်နှုန်း ဘယ်လောက်ကျရမယ်တို့၊ အမှုလုံးဝပပျောက်ရမယ်တို့က လက်တွေ့မဆန်ဘူး၊ အမှုဆိုတာ ဘယ်လောက်လောက်ဖြစ်လာမလဲ၊ ဘယ်လိုဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ရတာ မဟုတ်ဘူး၊ ဖြစ်လာတဲ့ အမှုတွေကို အကောင်းဆုံး ဖြေရှင်းဆုံးဖြတ်ရမယ့်ဟာသာဖြစ်တယ်၊ ကျေနပ်မှုဆိုတာကတော့ဗျာ ၈ဝ ရာခိုင်နှုန်း တို့ဘာတို့၊ ဘာလို့ ၂ဝ ရာခိုင်နှုန်းကို ချန်ထားခဲ့တာလဲ ဆိုတာ မသိသေးဘူး"

တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်းကာလကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

စီမံကိန်းထဲမှာ အများပြည်သူတွေအနေနဲ့ တရားရုံးဝန်ဆောင်မှုလုပ်ငန်းတွေကို အလွယ်တကူ အသုံးပြုနိုင်ရေး၊ သတင်းအချက်အလက်ရယူနိုင်တဲ့ ဌာနကောင်တာတွေ ထားပေးရေး၊ တရားသူကြီးတွေကို ဂုဏ်သိက္ခာဆိုင်ရာ သင်တန်းပေးရေး စတာတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။