ကချင် ကြိုတင်မဲရလဒ် ပြန်လည်စိစစ်ဖို့ တင်ပြမည်
2018.11.04

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းရရှိတဲ့ ကြိုတင်မဲ ၄ ထောင်ကျော်ကို ပြန်လည်စိစစ်ဖို့ NLD ပါတီ ကိုယ်စားလှယ်လောင်းနဲ့ KDP ပါတီ ကိုယ်စား လှယ်လောင်းတို့က တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီကြိုတင်မဲ ၄ ထောင်ကျော်ဟာ တပ်မတော်သားတွေ ပေးတဲ့မဲဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်း ဦးဆီဟူးဒွေ့က အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယမဲအများဆုံးက ကချင်ဒီမိုကရက်တစ်ပါတီ KDP ဖြစ်ပြီး တတိယမဲအများဆုံးက NLD ပါတီဖြစ်ပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတ ီကိုယ်စားလှယ်လောင်းက ခိုင်လုံမဲအရေအတွက်အရ အနိုင်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီမိုကရေစီလမ်းကြောင်းအရ ကြိုတင်မဲပေးတဲ့စနစ် ပွင့်လင်းမြင်သာမှုရှိစေချင်တဲ့တွက် စိစစ်နိုင်ဖို့ ကြိုးစားသွား မှာဖြစ်တယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။
အဲဒီမဲဆန္ဒနယ်အတွင်း မဲရုံပေါင်း ၁၁၄ ရုံရှိပြီး မဲပေးနိုင်သူဦးရေ ၂ သိန်းကျော်ရှိတဲ့အထဲမှာ မဲပေးသူ ၆ သောင်းကျော်သာ ရှိပါတယ်။ ကြိုတင်မဲ ၅ ထောင်ကျော်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက ၄ ထောင်ကျော် ရရှိတာဖြစ်တယ်လို့ သိရပါတယ်။