မိုးညှင်းက မူးယစ်အဖွဲ့ကို ဖမ်းဆီး


2017.11.11
mohnyin-city-622 မိုးညှင်းမြို့အဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ မူးယစ်အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲသူ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

နန်းမာမြို့ရဲ့ အရှေ့ဘက် နန့်စွန်းတောင် တဝိုက်မှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုတွေရှိနေတာကို ဝင်ရောက်ဖမ်းဆီးချိန်မှာ အရေးကြီး တရားခံလို့ယူဆရသူ တစ်ဦးကတော့ လွတ်မြောက်နေ ဆဲဖြစ်ပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွယ်ပြီး တစ်နေရာတည်းမှာ လူဦးရေဖမ်းဆီးရမိမှု အများဆုံးဖြစ် ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ နန်းမားရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဒေသဘက်ဟာ တောတောင်တွေနဲ့နီးစပ်ပြီး မြို့ရွာရပ်ကွက်တွေအတွင်းမှာ  မူးယစ်ဆေးဝါးတွေကို ချိတ်ဆက်ရောင်း ဝယ်သုံးစွဲမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွင်း၊ ရွှေနဲ့ ပယင်းမှော်တွေရှိတဲ့ ဖားကန့်၊ တနိုင်း စတဲ့ စီးပွားရေးနယ်မြေတွေ အပြင် မြစ်ကြီးနား၊ ဗန်မော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဆားမှော်၊ တာလောကြီး၊ နန့်မွန်း စတဲ့ မြို့ရွာတွေ အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့အတူ လုယက်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။