ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
2011.11.13

Map: RFA
ဒီ ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ ပထမဦးဆုံး သမ္မတဦးသိန်းစိန် ဆီကို စာရေးသားမှာ ဖြစ်တယ်လို့ အဖွဲ့ အတွင်းရေးမှူး ပူးရှန်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး လူထုကို အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ CPP ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်တဲ့ ပူးရှန်းထွန်း က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ ဒါ့အပြင် ဒီအဖွဲ့မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ တခြား တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။