ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို
2012.07.04

RFA
ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ်က ဝင်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ ကိစ္စတွေမှာ တရုတ်အာဏာပိုင်တွေက အကူအညီမပေးဘဲ နေရပ်ဒေသကို အဓမ္မပြန်ခိုင်းနေတယ်ဆိုတဲ့ စွပ်စွဲချက် အစီရင်ခံစာ တစ်စောင် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန် ပြောသွားတာပါ။
ဒေဟွန်းစီရင်စုက အစိုးရ အရာရှိတစ်ဦးက မြန်မာအစိုးရတပ်တွေနဲ့ ကချင် KIA လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေဖြစ်တဲ့ မနှစ် ဇွန်လ ကစပြီး ဒေဟွန်း စီရင်စုထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် သိသိသာသာ မြင့်တက်လာတာ၊ ခွင့်ပြုကာလကျော်ပြီး နေတာမရှိကြောင်း၊ ဆွေမျိုးသားချင်း ရှိသူတွေသာ ခေတ္တခဏ လာရောက်ခိုလှုံကြပြီး ဟိုမှာ အခြေအနေ အေးသွားတဲ့အခါ နေရပ်ကို ပြန်သွားကြကြောင်း ပြောပါတယ် ။