မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက်
2013.02.21
ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးဆောင်တဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်နဲ့ ဒေသခံတွေ ဒီကနေ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ရောက်ရှိသွားပြီး ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရူပြီး လိုအပ်တဲ့အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။
အဖွဲ့ဝင် ၃၂ ဦးပါတဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်နဲ့ ဒေသခံများကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ဒေါဖုံးရန်ရွာကို ရောက်ရှိလာပြီးနောက် လိုင်ဇာမြို့ဘက်ကို ဆက်သွားဖို့ အစိုးရစစ်တပ်က သွားခွင့်မပြုခဲ့ပါဘူး၊ အဖွဲ့ဝင်တွေဟာ အဲ့ဒီရွာမှာ စခန်းချပြီး ဒေသခံပြည်သူတွေနဲ့ လူထုအစည်းအဝေး တခုပြုလုပ်ဖို့ အစီအစဉ်လုပ်တာကြောင့် ၂၀ ရက်နေ့မှာ စစ်တပ်က ရှေ့ဆက်သွားခွင့်ပြုခဲ့ပါတယ်။
ဒီအဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက လိုင်ဇာမြို့ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရူ အကူအညီပေးနေတယ်လို့ သိရပါတယ်။