USDP ခရိုင်အဆင့် ပြင်ဆင်ဖွဲ့စည်း
2016.07.29

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ပါတီအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေ တုန်းပဲလို့ ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း က ပြောလိုက် ပါတယ်။
ဒီကနေ့ မြစ်ကြီးနားမြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံးမှာ ပြုလုပ်တဲ့ မြစ်ကြီးနားခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးမှာ ဦးလဂျွန်ငန်ဆိုင်း က ပြောတာဖြစ်ပါတယ်။
"ကျနော်တို့ ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့ အရည် အချင်းရှိတဲ့ ပါတီဝင်တွေ၊ တာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေ ပြည်သူလူထုရဲ့အကျိုးကို ဆောင်ရွက်ပေးနိုင် တဲ့ အရည်အချင်းကောင်းများ ပြည့်ဝသော ကိုယ်စားလှယ်လောင်းများလည်း ရှိတာဖြစ်တဲ့အတွက် ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်သော ပါတီဖြစ်တယ်၊ ထိပ်ဆုံးမှာ ရှိနေဆဲပဲဖြစ်ပါတယ်၊ ဒါကို အရှိကို အရှိအတိုင်းပဲ ပြောပြတာဖြစ်ပါတယ်"
အဲ့ဒီ အစည်းအဝေးကနေ မြစ်ကြီးနားခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်ကော်မတီ အသစ်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့်လော်၊ အင်ဂျန်းယန် စတဲ့ မြို့နယ် ၆ ခုက ကိုယ်စားလှယ် ၄၆ ဦးရဲ့ ဆန္ဒမဲနဲ့ မြစ်ကြီးနားခရိုင် ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အလုပ်အမှုဆောင်ကော်မတီအသစ်မှာ ဥက္ကဋ္ဌ ဦးထွန်းဖေ၊ အတွင်းရေးမှူး ဦးဟောင်းဂျုံး နဲ့ ဘဏ္ဍာရေးမှူး ဦးလူးကပ်စ် တို့အပါအဝင် ကော်မတီဝင် ကိုးယောက်နဲ့ အရန် ကော်မတီဝင် ကိုးယောက် တို့ကို ရွေးချယ်ခဲ့ပါတယ်။
အဲ့ဒီကော်မတီဝင်တွေထဲမှာ ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေကို အများဆုံးရွေးချယ်ခဲ့ပြီး ဗမာ နဲ့ ရှမ်း တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။
မြစ်ကြီးနားခရိုင်မှာ ပါတီဝင် အင်အား ၄၀၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက တစ်ခရိုင်လုံး မှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးနေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
အလားတူ ဗန်းမော်၊ မိုးညှင်းနဲ့ ပူတာအိုခရိုင်တွေမှာလည်း ဆက်လက်ရွေးချယ်သွားမှာဖြစ်ပြီး ပြည်နယ်အဆင့် အလုပ်အမှုဆောင်ကော်မတီကိုတော့ သြဂုတ်လအတွင်းမှာ ရွေးချယ်သွားမယ်လို့ ပြောပါတယ်။