ကချင်စစ်ပွဲ ၆ နှစ်ပြည့် အထိမ်း အမှတ် ဆုတောင်းပွဲပြုလုပ်


2017.06.09
kachin-war-6anniversary-620.jpg စစ်ဘေးရှောင် ၆ နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့မနောကွင်းမှာ ဇွန်လ ၉ ရက်နေ့ က ပြုလုပ်ခဲ့စဉ်
Photo: Kyaw Myo Min/RFA

နိုင်ငံတော်သမ္မတ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က နှစ်သစ်မိန့်ခွန်းမှာ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် ဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ဖို့ စစ်ဘေးရှောင်တွေရဲ့ ၆ နှစ်ပြည့် ဆုတောင်းပွဲ ဖြစ်မြောက်ရေးကော်မတီ က တိုက်တွန်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ပြုလုပ်တဲ့ စစ်ဘေးရှောင်တွေရဲ့ ၆ နှစ်ပြည့် ဆုတောင်းပွဲမှာ အဲဒီကော်မတီ ရဲ့ အချက် ၇ ချက်ပါတဲ့ ထုတ်ပြန်ချက်ကို ဆုတောင်းပွဲမှာ ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ဒေါ်တန်ဘောင်အက်စသာ က ဖတ်ကြားပါတယ်။

"နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ နှစ်သစ်မိန့်ခွန်းတွင် ၂ဝ၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ဆောင်ရွက်ရန်ပြောကြားခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်သည်"

အခမ်းအနားကို တက်ရောက်လာသူတွေက "မြန်မာ့တပ်မတော်ထိုးစစ်တွေ ချက်ချင်းရပ်၊ မိမိတို့ နေရပ်ပြန်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေး" စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး မနောကွင်းထဲကို တန်းစီဝင်ရောက်လာကြတာ ဖြစ် ပါတယ်။

ဆုတောင်းပွဲကို ခရစ်ယာန်ထုံးစံအတိုင်းပြုလုပ်ခဲ့ပြီး တေးသီချင်း၊ သရုပ်ဖော်အကတွေနဲ့ သီဆိုကပြခဲ့ကြသလို ဓါတ်ပုံပြခန်းလည်း ဖွင့်လှစ်ပြသခဲ့ပါတယ်။

အဲဒီအခမ်းအနားကို မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ ရှမ်းတိုင်းရင်း သားတချို့အပါအဝင် ကချင်တိုင်းရင်းသား စစ်ဘေးရှောင်တွေနဲ့ ကချင်တိုင်းရင်းသားတွေ ထောင်နဲ့ချီ တက်ရောက် ခဲ့ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။