ကချင်ပြည်နယ်က တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် အခမ်းအနား ကျင်းပ


2019.06.08
kachin-war-memorial-2019-622.jpg ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၉၊ ဇွန် ၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောင်ကွင်းမှာ ကျင်းပစဉ်
Photo: Elizabeth/ RFA

ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တပ်မတော်နဲ့ KIA တို့ ကချင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည်တွေလည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးသူတွေ ရှိနေဆဲဖြစ်ပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရသူတွေအဖို့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတို့အတွက် အခက်အခဲတွေလည်း ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ ကာလအတွင်းမှာလည်း စစ်ဘေးရှောင် ပြည်သူတွေအတွက် ထည့်သွင်းဆွေးနွေးကြပေမယ့်လည်း ထိရောက်တဲ့အခြေအနေမှာ မရှိသေးပါဘူး။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း စတဲ့ မြို့နယ်ပေါင်း ၁၀ ခုကျော် တို့မှာ စစ်ရှောင်ဒုက္ခသည်စခန်း ၁၄၀ ခုခန့်ရှိပြီး စစ်ဘေးဒုက္ခသည်ပေါင်း သိန်းဂဏာန်းလောက် ရှိနေဆဲဖြစ်ပါတယ်ရှင်။

အလားတူ ရန်ကုန်မြို့မှာလည်း ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့်အခမ်းအနားကို ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။